? အစားအသောက်နှင့် ကုသိုလ်စိတ်။(အရှင်ဆန္ဒာဓိက)
၁. ဥပနိဿယပစ္စယော။
? မြတ်စွာဘုရားက ပဌာန်းဒေသနာတော်ကြီးတော်ကြီးမှာ
အစားအစာကလည်း ကုသိုလ်ဖြစ်အောင်၊ အကုသိုလ်ဖြစ် အောင် အားကြီးသောမှီရာ အဖြစ်ဖြင့် ကျေးဇူးပြုနိုင်တယ်
လို့ ဟောကြားတော်မူခဲ့ပါတယ်။
၂. သက်သက်ကြောင့်။
? အစားအစာသက်သက်ကြောင့်တော့ ကုသိုလ်၊ အကုသိုလ်ဖြစ်တာ မဟုတ်ပါဘူး။ စားသူ၏ နှလုံးသွင်း
ကြောင့်သာ ဖြစ်ရခြင်း ဖြစ်ပါတယ်။
၃. အလိုလိုနေရင်း။
? သက်သတ်လွတ်စားလို့ အလိုလိုနေရင်း ကုသိုလ်
မရနိုင်သလို၊ အသားငါးစားလို့ အလိုလိုနေရင်း အကုသိုလ်
ရနိုင်တာလည်း မဟုတ်ပါဘူး။
# အစားအစာဟာ ကုသိုလ် အကုသိုလ်နဲ့ တိုက်ရိုက်
ပတ်သက်ခြင်း မရှိပါဘူး။
၎. ကျေးဇူးပြုနိုင်တယ် ဆိုတာက။
? စားသုံးနေဆဲမှာ ဖြစ်တဲ့စိတ်၊ စားသုံးပြီး ရုပ်ပိုင်း
ဆိုင်ရာ အကျိုးသက်ရောက်မှုနှင့် နောက်ဆက်တွဲ
လုပ်ရပ်တွေကို ရည်ရွယ်ပြီး ကျေးဇူးပြုတယ်လို့ ပြော
ခြင်း ဖြစ်ပါတယ်။
# အစားအသောက်ရွေးချယ်မှုသက်သက်ကြောင့်
ကုသိုလ် အကုသိုလ်ဖြစ်တယ်လို့ ပြောတာမဟုတ်ပါဘူး။
၅. သက်သတ်မလွတ်လည်း။
? သက်သက်လွတ်ပဲစားစား၊ မလွတ်ပဲစားစား၊ ဘာဝနာ
တစ်ခု ပွားနေရင် ကုသိုလ်ဖြစ်ပါတယ်။
? ဘာပဲစားစား ကောင်းလိုက်တာဆိုရင် လောဘ၊
မကောင်းဘူးဆိုရင် ဒေါသအကုသိုလ်တွေ ဖြစ်ရပါတယ်။
၆. အကုသိုလ် ဖြစ်တော့တာပဲ။
? သက်သတ်လွတ်စားနေပေမဲ့ အသားတုဟင်းက ရှယ်ပဲ၊
အသားဟင်းအစစ်နဲ့တောင် မလဲနိုင်ဘူး၊ ကောင်းလိုက်တာ
ဆိုရင် အကုသိုလ် ဖြစ်တော့တာပါပဲ။
? သက်သတ်လွတ်စားနေပေမဲ့ တစ်နေ့လာလည်း သည်
ပဲပင်ပေါက်ဆိုရင် အကုသိုလ်ဖြစ်ရပါတော့တယ်။
? ငါက သက်သတ်လွတ်စားပေမဲ့၊ သူများတွေ မစားနိုင်
ကြပါဘူးလို့ မာနဖြစ်ရင် အကုသိုလ်ရတော့တာပါပဲ။
? သက်သတ်လွတ်စားရုံနဲ့ ကုသိုလ်တော်တော်ရသွားပြီ
လို့ ယူဆရင် ဒိဋ္ဌိအကုသိုလ် ဖြစ်ပါတော့တယ်။
၇. အကုသိုလ်တွေ စုနေကြတယ်။
? အစားအသောက်ကောင်းတွေလို့ ယူဆပြီး သာယာ
နှစ်သက်နေသလို၊ သူများကို သာယာနှစ်သက်စေလို့
ဖော်ပြနေကြတာ အကုသိုလ်တွေကို စုစည်းနေကြတာပါပဲ။
၈.သက်သတ်လွတ်စားတာ ဗုဒ္ဓဘာသာဝါဒမဟုတ်။
? ထေရဝါဒဗုဒ္ဓဘာသာမှာ သက်သတ်လွတ်စားတာဟာ
ကုသိုလ်ရကြောင်းအလုပ် မဟုတ်ပါဘူး။
၉. ဥပနိဿယဆိုတာက။
? ဘယ်အစားအစာကိုပဲ ရွေးချယ် ရွေးချယ် အာဟာရ
မျှတပြီး အနာရောဂါ ကင်းရှင်းဖို့၊ ကျန်းမာဖို့က အဓိကပါ။
? ကျန်းမာမှ ကုသိုလ်တရားလုပ်ရင် ကုသိုလ်၊ အကုသိုလ်
လုပ်ရင် အကုသိုလ်တိုးပွားနိုင်တာကို ဆိုလိုတာ ဖြစ်ပါ တယ်။
၁၀. ဒိဋ္ဌိဖြစ်။
? အသားငါးရှောင်တာ သူတော်ကောင်းအကျင့်လို့
ယူဆရင် မိစ္ဆာဒိဋ္ဌိဖြစ်ကြောင်း အာမဂန္ဓသုတ္တန်မှာ မြတ်စွာဘုရား တိုက်ရိုက်ဟောကြားထားတော်မူပါတယ်။
၁၁.အစွန်း ၃ပါးလွတ်ရမယ်။
? ဒီအသားငါးဟာ ငါ့အတွက်ရည်စူးပြီး သတ်ထားတာ
လို့ မြင်ခဲ့၊ ကြားခဲ့၊ ယုံမှားသံသယဖြစ်ခဲ့ရင် အစွန်း ၃ပါး
မလွတ်တဲ့အတွက် မစားထိုက်တော့ပါဘူး။ စားရင်
အကုသိုလ် ဖြစ်ပါတယ်။
ကုသိုလ်ထူးများ ရရှိပါစေ။
သန်းဝင်း